သနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ရေလွှဲပေါက်၌ ၂ လက်မအရွယ် ငါကောင်ရေ ၂၆၀၀၀၀ ငါးမျိုးစိုက်ထည့်

သနပ်ပင် ဇွန် ၁၈

စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိသော ၂‌၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ငါးသယံဇာတမပြုန်းတီးရေး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သနပ်ပင်မြို့နယ် ကျိူက်ပဒိုင်လေးကျေးရွာ ကျိုက်ပဒိုင်ရေလွှဲပေါက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပဲခူး-စစ်တောင်း တူမြောင်းဘေး၌ ကပ်လျက်ရှိ‌‌သော ကျိုက်ပဒိုင်ရေလွှဲပေါက်အတွင်း ၂ လက်မအရွယ် ငါးမြစ်ချင်း အကောင်ရေ တစ်သိန်း(၁၀၀၀၀၀)၊ ထိုင်းငါးခုံးမကြီး အကောင်ရေတစ်သိန်း‌ခြောက်သောင်း (၁၆၀၀၀၀) စုစုပေါင်း ငါးအကောင်ရေ (၂၆၀၀၀၀) အား ငါးမျိုးစိုက်ခဲ့ပြီး ငါးသယံဇာတများ မပြုန်းတီးရေးနှင့် ငါးမျိုး စိတ်များ ရှင်သန်ကြီးထွားနိုင်ရေး၊ ငါးသားစားမှုဖူလုံစေ‌‌ရေးတို့အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မြင့်နိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဝေ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊၊ မြို့နယ်ငါးဆင်း စိုက်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ငါးစခန်းမှ မြိုနယ်ဦးစီးမှူး ဒေါ်စန်းစန်းဦး၊ မြို့နယ် ကောင်စီဝင်(၂)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျေးရွာ အင်းလုပ်သားကြီးများ တက်ရောက်ခဲ့သည်။

လှမိုး(သနပ်ပင်)