တီးတိန် ဇွန် ၁၈
ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိလူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည် ၁နာရီက မြို့မ Cope Centennial JubileeHall၌ ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် စုစုပေါင်း( ၉၈ )ဦးအား စစ်ဆေးရာ( ၄၁ )ဦး ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။ ၎င်းပိုးတွေ့လူနာများသည် တီးတိန်ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။
မြို.နယ်(ပြန်/ဆက်)