ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပညာရေးဝန်ထမ်းများအား ပထမအကြိမ် စတင်ထိုးနှံပေး

 

ပန်းတောင်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွဗကိုစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပညာရေးဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း မြို့င် နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုများက စာရင်းများကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းများ ပြုလုပ်ပြီး၊ ကာကွယ်ဆေးတစ်လုံးလျှင် တစ်ဦးနှုန်းဖြင့် ပညာရေးဌာနမှ ဆရာ/ဆရာမ   စုစုပေါင်း(၃၂၅) ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး