ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူ(၂၀)ဦး ရောဂါစစ်ဆေးခဲ့ရာ ၈ ဦးတွင် ရောဂါပိုးတွေ့ရှိ

ထန်တလန်   ဇွန်   ၁၈

ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ ဇွန်လ ၁၇ ရက် ယမန်နေ့ ညနေပိုင်းက မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ COVID-19 ရောဂါသံသယရှိသူ(၂၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း (၈)ဦးတွင် COVID-19 ရောဂါ positive ဖြစ်ကြောင်း သိရသည်။

အဆိုပါ COVID-19 ရောဂါ ပိုးတွေ့လူနာများအား အခြားသူများနှင့် ထိတွေ့မှုမရှိစေဘဲ ၎င်းတို့၏ နေအိမ်၌ Home Quatantine ထားရှိကာ ၎င်းနေအိမ်များအား အသွားအလာ ကန့်သတ် ထားရှိပြီး ဆေးကုသမှုခံယူကာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)