လွိုင်လင် ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ဂေါက်ကလပ်၌ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ် ကြောင်းသိရသည်။
ရှေးဦးစွာ ၂၀၂၁ ခုနှစ် လူထုလှုပ်ရှားမှုဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် သတ်မှတ်နေရာ အသီးသီး၌ စိုက်ပျိုးရန် သစ်ပင်များကို လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဝင်းဆွေ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် သစ်တောဦးစီးဌာန ခရိုင်သစ်တော ဦးစီးမှူး ဦးမျိုးလွင်တို့က ပျိုးပင်များအား ဌာနဆိုင်ရာအကြီးအကဲများထံသို့ ပေးအပ်ကြသည်။ ယင်းနောက် တပ်နယ်မှူး ဦးဆောင်၍ ချယ်ရီ၊ ရေသင်းဝင်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ငုချယ်ရီနှင့် ထောပတ်ပျိုးပင် စုစုပေါင်း(၅၀၀)ပင်တို့အား တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)