တီးတိန် ဇွန် ၁၉
ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိလူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မ Cope Centennial Jubilee Hall (C CJ HALL) နှင့် ပြည်သူ့ဆေးရုံ၌ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးရာတွင် CCJ HALL ၌ စုစုပေါင်း (၁၇၄) ဦးအား စစ်ဆေးရာ (၆၃)ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
အလားတူ တီးတိန်ပြည်သူ့ဆေးရုံတွင် လူနာစုစုပေါင်း(၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိမရှိ စစ်ဆေးရာ(၃၀)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
တီးတိန်မြို့၌ ဇွန်လ ၁၈ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးရှိမရှိစစ်ဆေးလူနာစုစုပေါင်း (၂၇၄)ဦးရှိပြီး ပိုးတွေ့လူနာစုစုပေါင်း(၉၃)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)