မိုးကုတ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်

မိုးကုတ်  ဇွန်  ၁၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတဝန်းရှိ ပြည်သူများအတွက် ၂၀၂၁ ခုနှစ် မေ ၃ ရက်မှစတင်၍ ပန်းခင်းစီမံချက်တစ်ရပ်ချမှတ်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုးကုတ်မြို့နယ် လူဝင်မှုကြီးကြိပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးသည်လည်း အဆိုပါ ပန်းခင်းစီမံချက်ကို အလေးထားဆောင်ရွက်၍ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုက်နယ်တာဝန်ခံများမှ ဦးဆောင်ကာ မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်နေပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စိစစ်ထုတ်ပေးလျက်ရှိရာ ယနေ့တွင်နိုင်ငံသားစိစစ်ရေးကတ်များ လွှဲပြောင်းပေးအပ်ခြင်းကို အဆိုပါရုံးတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်း ထံကသိရသည်။

မိုးကုတ်မြို့နယ်ရုံးအနေဖြင့် စီမံချက်ကာလမှစတင်၍  ယနေ့အထိနိုင်ငံသား စိစစ်ရေးကတ်(၄၇၉)ကတ်ကို မြို့နေပြည်သူများအတွက် ပေးအပ်နိုင်ခဲ့ပြီး ဆက်လက် ပေးအပ်နိုင်ရေး အရှိန်ဟုန်မြှင့်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD