ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ မိုးရာသီ RS-CS မျိုးစေ့ထုတ်တောင်သူများအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်

ပြည် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဇီးအုပ်ကျေးရွာ စိုက်ပျိုးရေးရှေ့တန်းစခန်း၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ၂၀၂၀ - ၂၀၂၁ မိုးရာသီတွင် RS-CS မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး  ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သိန်းက မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက ကြာအင်းအုပ်စု၊ ဖုမ္မသိမ်ကျေးရွာရှိ တောင်သူ ၁၂ ဦး၏ မျိုးစပါးစိုက်ဧက ၅၀ အတွက် တစ်ဧကလျှင် RS-CS စပါးမျိုးစေ့တစ်အိတ်နှုန်းစီ ပေးအပ်ခဲ့ပြီး အဆိုပါမျိုးစေ့ထုတ်တောင်သူများ၏ ထွက်ရှိလာသော RS-CS မျိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာနမှ စျေးကွက်သို့ချိတ်ဆက်၍ မျိုးစပါးအဖြစ် ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းမင်းစိုး (ပြန်/ဆက်)