ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်

မြစ်ကြီးနား ဇွန် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဝန်ထမ်းများ အသိပညာဗဟုသုသ တိုးပွားရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိရန် ရည်ရွယ်၍ ဦးဘုန်း(ဓာတု)မန္တလေး ရေးသားထားသည့် သုညအတွေးရသစာစုစာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဂွာဇာလေးက စားဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲပြီး သုည အ‌တွေးရသစာစုစာအုပ်တွင် ပါရှိသည့် သီလသတ္တိ ဆိုသည့် အတွေးရသစာစုဖြင့် စတင် ဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ထမ်းများက သုည အတွေးရသစာစုတွင်ပါရှိသည့် ရသစာစုအသီးသီးဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့သို့ စာဖတ်ဝိုင်းမကြာခဏပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုသနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုရရှိနိုင်ကြောင်း အဆိုပါစာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခါးရာ က ပြောကြားသည်။

ခရိုင်ပြန်/ဆက်