နေပြည်တော် ဇွန် ၁၉
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ ဝါးလက်မှုလုပ်ငန်းနှင့် မျှစ်ခြောက်သိုလှောင်ရုံသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးမှုတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဝါးကိုစိုက်ပျိုးထုတ်လုပ်ပြီး ဝါးနှင့်ပတ်သက်သည့်ထုတ်ကုန်များကို အားပေးကူညီနိုင်ရန်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရန်၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ ဈေးကွက်ရှာဖွေပြီး ပြည်တွင်ပြည်ပ တင်ပို့နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရန်၊ အလေ့ကျပေါက်သည့်ဝါးမဟုတ်ဘဲ ပြုစုပျိုးထောင်နည်းစနစ်၊ စိုက်ပျိုး နည်းစနစ်များကို ဝါးစိုက်တောင်သူများအား နည်းစနစ်ပေးပြီး ပူပေါင်းကူညီ ဆောင်ရွက် သွားရန်၊ သစ်တောပြုန်းတီးမှု နည်းပါးစေရန် ရည်ရွယ်၍ ယခုလို ကွင်းဆင်းပြီး ကြည့်ရှုရခြင်း ဖြစ်ကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် များအား ရှင်းလင်းပြောကြားပြီး လက်တွေ့လုပ်ငန်း ဆောင်ရွက်နေမှုများ အားကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း