ညောင်တုန်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ပညာရေးဝန်ထမ်းများအား ယမန်နေ့ နံနက် ၉နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပညာရေးဦးစီးဌာမှ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ စုစုေပါင်း(၅၄)ဦးအား ကာကွယ်ထိုးနှံခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)