သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောင်ရွက်

မြဝတီ   ဇွန်   ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ယမန်နေ့ ညနေ ၃နာရီ က  မြဝတီမြို့အမှတ်(၁)ရပ်ကွက်ရှိ လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြဝတီမြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက  ပူးပေါင်းကာ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း (ဖုံး၊သွန်၊ခပ်၊စစ်) သရုပ်ပြခြင်းများ၊ အဘိတ်ဆေးခပ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြဝတီမြို့အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်သန်းနှင့် တာဝန်ရှိသူ ပူးပေါင်းရေးအဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ရှင်းလင်းကာ  လက်ကမ်းစာ စောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မန်းသန်းရွှေမြင့်