တာချီလိတ်မြို့တွင်အလုပ်လုပ်ကိုင်လျက်ရှိသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများကို လွှဲပြောင်း ပို့ဆောင်ပေး

တာချီလိတ် ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့တွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံ အမျိုးသား ၂ဦးနှင့်အမျိုးသမီး ၃ ဦးစုစုပေါင်း ၅ ဦးကိုမြန်မာတာဝန်ရှိပုဂ္ဂိုလ်မှ ယနေ့ နံနက် ၉ နာရီခွဲက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ကတစ်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံသားများသည် တာချီလိတ်မြို့သို့ တရားဝင်ပတ်စ်ပို့နှင့်လာရောက်အလုပ်လုပ်ကိုင် နေထိုင်လျက်ကြသူများဖြစ်ကြပြီး ကိုဗစ် -၁၉ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ စက်ရုံ အလုပ်ရုံ များ ပိတ်ထားမှုကြောင့် မိခင်ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာလျက်ရှိသည်။

နေရပ်ပြန်လိုသည့်ထိုင်းနိုင်ငံသားများကို တာချီလိတ်မြို့ လဝက ဌာနခွဲ(၆)မှ လက်ထောက် ညွန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူတို့ကပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ တံတား(၂)တာဝန်ခံ ရဲအရာရှိ PHANOR JARUPHAET၊ လဝကအရာရှိ CHATRI KRUATAO အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)