ပန်းတနော် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အားကစားဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (TSDP) အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အသက်(၁၇) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ် နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်က အဖွင့်အမှာစကား ပြောကြား ခြင်း၊ အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက်ရွတ်ဆိုခြင်းများ ပြုလုပ် ခဲ့ပြီး အားကစားပြိုင်ပွဲများစတင်ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲများတွင် အသက်(၂၅)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ(၆) သင်းနှင့် အသက်(၁၇)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ (၅)သင်းတို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇွန်လ ၂၀ရက်မှ ၂၅ ရက် အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးဇေယျာမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)