ညောင်တုန်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသ ထားကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာဆောင်၊ ဓာတ်ပုံပြပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်ပေါ် လာသည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအမည်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာကဗျာ၊ ဆောင်းပါး၊ ကာတွန်းများ ပါဝင်သည့် နံရံကပ်စာစောင်နှင့်ဓာတ်ပုံ များကို ပြသထားလျက်ရှိရာ စာဖတ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များ နေ့စဉ် လာရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)