မတ္တရာမြို့နယ်၌ လက္ကောင်းကြီးကျေးရွာ ကုန်ထုတ်လမ်း ၁၀၀ ရာခိုင်နှုန်းပြီးစီး

မတ္တရာ  ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လက္ကောင်းကြီးကျေးရွာ ကုန်ထုတ်လမ်း မြေသားတင် ဂျင်းခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးမှုအခြေအနေအား မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းနှင့် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာညိုတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ ်(လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ) နှင့် တာဝန်ယူ ဆောင်ရွက်သည့် ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသန်းထက်ဟိန်းတို့မှ ကုန်ထုတ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

လက္ကောင်းကြီးကျေးရွာ ကျေးရွာကုန်ထုတ်လမ်း အကျယ်(၁၂)ပေ၊ အရှည် (၁)မိုင်အား ပြည်ထောင်စုရန်ပုံငွေ ကျပ်၃၇.၈သန်းဖြင့် Hein Unity Co,ltdမှတာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်၍ အကျိုးပြုဧက(၁၀၀)မှ လယ်ယာထွက်ကုန်များကို အဆင်ပြေ လွယ်ကူစွာဖြင့် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)