သတင်းများ

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်း ပဒံကျေးရွာအုပ်စု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ကိတ်ခြောက်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာ၊ ရေသန့်နှင့်အလှူငွေများ လာရောက်လှူဒါန်း
Sep 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရေးနှင့် ရောဂါကာကွယ်ရေးအတွက် ရည်ရွယ်၍ အတွင်းပဒံကျေးရွာအုပ်စု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးကော်မတီသို့ ယမန်နေ့ မွန်းလွဲပိုင်းက ကိတ်မုန့်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာ၊ ရေသန့်နှင့် အလှူငွေများ လာရောက်လှူဒါန်းသည်။
ရွှေဘိုမြို့နယ် ဘုံးဘွဲ့ကျေးရွာစပါးစိုက်ခင်း ဧက ၁၈၀ အတွင်း ရွှေဘိုခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးသန်ကောင်ရေ (၉‌) သောင်း စိုက်ထည့်
Sep 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ဘုံးဘွဲ့ကျေးရွာ စပါးစိုက်ခင်းဧက ၁၈၀ အတွင်း ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသန် ကောင်ရေ(၉‌)သောင်းကို ယနေ့ နံနက် ၈ နာရီက စိုက်ထည့်ခဲ့ကြောင်း ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Sep 23,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ဂျပန်နိုင်ငံမှလာရောက်သည့် MV.TRANS FUTURE.1 သင်္ဘောပေါ်မှ သင်္ဘောသား(၂၃)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာရာ ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် အထက(၁)ကျောင်းတွင်Facility Quarantine centre စတင်ဖွင့်လှစ်
Sep 23,2020
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အ.ထ.က(၁)တွင် ဖွင့်လှစ်ခဲ့သည့် Quarantine Centre ဖွင့်လှစ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ် မှုဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Sep 23,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများမှ အလှည့်ကျစနစ်ဖြင့် နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်တွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား နေ့စဉ်ကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်
Sep 23,2020
ကိုဗစ် - ၁၉ ရောဂါကာလအတွင်း မိမိအိမ်တွင် နေထိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်ညွန်ကြားချက် များကို ပြည်သူများ သိရှိနိုင်စေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ် ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကဝမြို့နှင့် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်−၁၉ အကာအကွယ်ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများလှူဒါန်း
Sep 23,2020
ပဲခူးမြို့ ရှင်စောပုရပ်ကွက်၊ သနပ်ပင်လမ်းမတန်းရှိ Golden Luxury Drug (နိုင်ငံခြားဆေးများ) ဖြန့်ချိရေးဆိုင်တွင် ယနေ့ နံနက် ၉ နာရီက ကဝမြို့ အ‌ထွေထွေရောဂါကု ဆေးရုံကြီးတွင် လိုအပ်သည့်နေရာ၌ အသုံးပြုနိုင်ရေးအတွက် အမျိုးသားစာပေဆုရ ဒေါက်တာ ဦးဖြေ (စာရေးဆရာဝိဿဇ္ဇက) Golden Luxury Drug (နိုင်ငံခြားဆေးများ) ဖြန့်ချီရေးမိသားစုမှ ကိုဗစ်−၁၉ အကာအကွယ်ပစ္စည်း များနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
မတူပီမြို့ ကလားကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် ကျေးရွာ ကျောင်းသွားလမ်း လုပ်ငန်းပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Sep 23,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၊ ကလားကျေးရွာအုပ်စု၊ ကလားကျေးရွာတွင် Cash For Work (CFW) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ ကျောင်းသွားလမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးမှုအား မတူပီခရိုင် ကျေးလက်ဒေသ ဖွွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဦးနေချစ်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။