ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ပုသိမ်မြို့တွင်းရှိ စားသောက်ဆိုင်၊ လ္ဘက်ရည် ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်း

ပုသိမ်   ဇွန်      ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလာနေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များအတိုင်း စည်းကမ်းတကျစျေးရောင်းချ ကြစေခြင်းအလို့ငှာ မြို့ပေါ်ရပ်ကွက်အသီးသီးမှ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များကိုခေါ်ယူ၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပုသိမ်မြို့နယ်ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များ စုံလင်စွာရောက်ရှိ/မရှိကို စစ်ဆေးပြီး ယခုကာလသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန့်နှံမှုများဖြစ်ပေါ်လျက်ရှိရာ ယခင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အတိုင်း ဆိုင်များတွင် လက်ဆေးဘေစဉ်များ ထားရှိပေးခြင်း၊ နှာခေါင်းစည်းများတပ်ဆင်စေခြင်း၊ ဆိုင်အတွင်းတစ်ဦးနှင့် တစ်ဦးအကွာအဝေး စသည့် ယခင်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားကြရန်နှင့် ဆောင်ရွက် ထားခြင်းရှိ/မရှိကို ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့များမှ စစ်ဆေး ဆောင်ရွက်ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ပုသိမ်မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ဒေါက်တာကောင်းမြတ်စိုးမှ စားသောက်ဆိုင်နှင့်လ္ဘက်ရည်ဆိုင်များအတွင်း အများပြည်သူများသိရှိစေရန်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ဗီနိုင်းများ ထုတ်၍ ပညာပေးခြင်းများ ဆောင်ရွက်ထားရှိရေးနှင့်ရောဂါကူးစက်မှုလျှော့နည်းစေရေးအတွက် ဆောင်ရွက် ထားရှိသင့် သည်များကိုဆွေးနွေးခဲ့ကြောင်းသိရသည်။

မြင့်ဟန်