မီးသတ်ဦးစီးဌာန​၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး နှိုးဆော်

ညောင်လေးပင် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မီးသတ်ဉီးစီးဌာနရှေ့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနရှေ့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေ့စဉ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော် ဆောင်ရွက်ရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေး၊ ​ပြန့်ပွားမှုမရှိ စေရေးအတွက် ​​​ပြည်သူများအ​​​နေဖြင့်  အထူးဂရုပြုသွားလာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း Masks၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် သွားလာ​ကြရန်၊ မလိုအပ်ပဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန် ၊လက်ကို မကြာခဏ ဆေးကြောခြင်း တစ်ဉီးနှင့်တစ်ဉီး ခပ်ခွာခွာနေထိုင်ကြရန် စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သတ်သည့် ထုတ်ပြန်ချက်များ အားလိုက်နာ၍အချင်းချင်း အသိပေးခြင်း သတိပေးခြင်းများဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။