ပုသိမ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း မြက်တိုရပ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ အခမ်းအနားသို့ ပုသိမ်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပုသိမ်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်လှစ်ခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် "အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး မိသားစုဝင် ငွေတိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်တွင် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းကို ၄ နေရာဖွင့်လှစ်ရန် လျှာထားခဲ့ပြီး ယခုသင်တန်းနှင့် ဆိုလျှင် ၃ ခုမြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ပို့ချသည့်သင်ခန်းစာများကို စနစ်တကျ သင်ယူ မှတ်သားကာ သင်တန်းပြီးဆုံးပါက မိမိတို့တတ်ကျွမ်းသည့် ပညာရပ်ဖြင့် အကျိုးရှိစွာ အသုံးချပြီး မိသားစုဝင်ငွေ တိုးပွားအောင် ဆောင်ရွက်သွားကြစေလိုကြောင်း" ပြောကြားသည်။
ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်မှ ကျေးရွာတွင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်သွားနိုင်ရေး ပြောကြားသည်။
အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးတို့က သင်တန်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွန်ကြားချက် စည်းမျဉ်း စည်းကမ်းများဖြင့် ဆောင်ရွက် သွားကြရေး ပြောကြားခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ကာ သင်တန်းကာလမှာ ၂၁-၆-၂၀၂၁ မှ ၃၀-၆-၂၀၂၁ ထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဟန်