ကျောက်တံခါး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးတင်ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ကျောက်တံခါးမြို့နယ် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့် အဖွဲ့သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ စည်ပင်ကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map (၅)ချက်ကိုလည်းကောင်း၊ မြို့သန့်ရှင်း သာယာလှပရေး၊ ဒေသ ဖွံ့ဖြိုရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း အသိပေးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အ.ထ.က(ကျောက်တံခါး) ကျောင်းတွင် ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေ အနေများအား ကြည့်ရှုခဲ့ပြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေ သည့် လူနာနှင့်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။