တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တပ်ကုန်း    ဇွန်   ၂၃

 ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ယနေ့ နံနက်  ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ရုံးပေါင်းစုံမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ဖြန့်ဝေပေးခဲ့သည်။

 ထိုသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်အချက်များ၊ မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများစသည့် အကြောင်းအရာများနှင့်“ကမ္ဘာ့ရန်သူဘိန်းဖြူ”ကဗျာတို့ပါဝင်ပြီး၊ အဆိုပါသတင်းစကား လက် ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခဲ့ကြောင်း သိရ သည်။

 တင်စိုးလွင်(ပြန်/ဆက်)