မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရန်အတွက်   Mask Campaign ဆောင်ရွက်

မဘိမ်း     ဇွန်   ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်တားဆီးရန်အတွက် လမ်းသွား၊ လမ်းလာပြည်သူများအား Mask များ စနစ်တကျတပ်ဆင် သွားလာစေရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ Mask Campaign ကို ယနေ့ နံနက် ၆ နာရီက မြို့အဝင်စစ်ဆေးဂိတ်နှင့် ကုန်းခါးရပ်ကွက်၊ လမ်းဆုံပန်းခြံတို့၌ ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်း သူဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါ ဝင်သည့် ပူးပေါင်းအဖွဲ့သည် လမ်းသွား၊ လမ်းလာပြည်သူများအား Mask များ စနစ်တကျတပ်ဆင် သွားလာစေရေးနှင့် ပြည်သူများ နေအိမ်အပြင်ထွက်သွားလာပါက ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်း စည်း Mask များကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  

မျိုးမင်း