ကွန်ဟိန်း ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခြင်းအား ယနေ့ နံနက်(၉)နာရီအချိန်ခန့်က ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မစျေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့် ဆောင်ပုဒ်များ ပါဝင်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနိုင်စေရန်၊ ကာကွယ်ရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ခံထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ပြီး ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများမှ လက်ကမ်းစာစောင်ပါ အချက်အလက်များအား ကြိုက်နှစ်သက်မှုရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)