ပန်းတနော် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ပန်းတနော်မြို့ မြို့မစျေး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်း Mask များဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မြို့မဈေးအတွင်းနှင့် လမ်းမပေါ်သွားလာနေသော ပြည်သူများကို နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များကိုလည်း ရပ်ကွက်နှင့်ကျေးရွာများတွင်လည်း ပြည်သူများသိရှိစေရန် လှည့်လည်ကြေငြာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)