နမ့်စန်တွင် ကျောင်းသားကျောင်းသူများအတွက် နယ်လှည့်လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်

နမ့်စန်(တ)  ဇွန် ၂၃

ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၁၀နာရီက အမှတ်(၂) ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်စုလှိုင်ဝင်းက ကလေးတို့အတွက် ပညာပေးပုံပြင်များကိုပြောကြား၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူး ကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်/ဆက်ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်များ အခမဲ့ငှားရမ်းကာ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်