အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပင်လုံ ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ပင်လုံမြို့ အထကကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ သူရမိုး ၏ ဆေးလိပ်ငွေ့ အန္တရာယ်ကာတွန်း၊ မုံရွာဝင်းဖေ၏ ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ် တိုက်ဖျက်လက်ချင်းယှက်၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)