သတင်းများ

သိန္နီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် အသိပညာပေး
Jun 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက သိန္နီမြို့မဈေး၊ စာသင်ကျောင်းများနှင့် ပြည်သူများအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
နယုန်လပြည့် မဟာသမယ အခါတော်နေ့
Jun 24,2021
ဘုရားရှင် လက်ထက်တော် အခါက ရဟန္တာ ငါးရာတို့သည် မိမိတို့ရရှိပြီးသော တရားထူးကို လျောက်ထားရန်နှင့် ဘုရားရှင်အား ဖူးမြော်ရန် နယုန်လပြည့် ညချမ်းအချိန်အခါတွင် စုရုံး၍ ရောက်ရှိလာကုန်၏။ ဤကဲ့သို့ ထူးခြားသော သံဃာအစုအဝေးကြီးကို တွေ့မြင်ကြည်ညို လိုကြကုန်သော နတ်ဗြဟ္မာ အသုရာ ဂဠုန်နဂါးတို့သည် မဟာဝုန်တောသို့ အုပ်စုလိုက် စုဝေး၍ ရောက်ရှိလာချိန်ကို မဟာသမယ ဟု ခေါ်ဆို၍ ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာတို့၏ အမည်နာမ ဘုံဌာန တန်ခိုးက္ကဒ္ဓိပါဒ် အခြွေအရံတို့၏ ထုတ်ဖော်မြွတ်ကြားချက်ကို မဟာသမယသုတ်ဟု ခေါ်သည်။
ငါန်းဇွန်မြို့၌ ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၄)ထပ်ဆောင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 24,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ အမှတ်(၄)ရပ်ကွက် စက်မှုလယ်ယာဝင်းအတွင်း၌ (၄)ခန်းတွဲ (၄)ထပ်ဆောင် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၈)နာရီ အချိန်က ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာသင်ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပုလောမြို့နေ ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေ ပေးခဲ့သည်။
တောင်ကုတ်မြို့နယ်အတွင်း ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 24,2021
ရခိုင်ပြည်နယ် သံတွဲခရိုင်တောင်ကုတ်မြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်နေ့ မှမတ် ၃၁ ရက်နေ့ထိ ပြောင်းလဲပြင်ဆင် သတ်မှတ်နိုင်ရေးအတွက်၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီအချိန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign နှင့် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign နှင့် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ထန်းခြောက်ပင်လမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာလင်းနှင့် ဝန်ထမ်းများက ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်  ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ အ.လ.က.ခွဲ(တောင်ပိုင်း)ကျောင်း၊ စည်ပင်သာယာဈေးနှင့် လမ်းသွားလမ်းလာများအား ဖြန့်ဝေပေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁)ဦးထပ်မံတွေ့
Jun 24,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ကညင်တန်းရပ်ကွက်နေ အသက်(၄၈)နှစ်အရွယ် ကျားတစ်ဦး ဇွန် ၂၀ ရက် နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီး အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ(၅)ဦးအား ဇွန် ၂၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က Standard Q Covid -19 Antigen Test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၂၉)နှစ်အရွယ် (ကျား)တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။