သတင်းများ

အပြည်ပြည်ဆိုင်ရာမူးဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်ပြည်သူများ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကင်းဝေးစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ယနေ့နံနက် ၉နာရီကလူစည်ကားရာနေရာများတွင်လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်းကျေးရွာတွင် ပျူခေတ်ကရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသထား
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မယ်ဘေ့ကုန်းကျေးရွာရှိ PANHTWAR GALLERY ပြတိုက်ငယ် (Mini Museum) အတွင်း၌ ယနေ့ခတ်လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပျူခေတ်က ရှေ့ဟောင်းပစ္စည်းများကို ရှာဖွေစုဆောင်း ခင်းကျင်းပြသ ထားကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ နှာခေါင်းစည်း (Mask) အခု(၁၀၀၀) အား အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်း အရှိန်အဟုန် မြှင့်ဆောင်ရွက်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင် ကာကွယ်ရန်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၈)နာရီ အချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်၌ (Mask) အခု (၁၀၀၀) အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Jun 24,2021
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများကို အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှထုတ်ဝေ သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲ သုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ပေါ်ရှိ လမ်းသွားလမ်းလာပြည်သူများ၊ မြို့နယ်စည်ပင်သာယာ ဈေးနှင့် အထကကျောင်းများတွင် ဖြန့်ဝေပေးခဲ့သည်။
ကျောက်ဆည်မြို့၌ ဆည်ရေသောက်စနစ်ဖြင့် မိုးစပါး(၅၂၄၅၇)ဧက စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေများစတင်ပေးဝေ
Jun 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆည် ရေသောက်စနစ်ဖြင့် မိုးစပါး (၅၂၄၅၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ မိုးစပါးစိုက်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဇော်ဂျီရေသောက်စနစ်၊ ကင်းတား ရေသောက် စနစ်၊ သစ်တက်ကုန်းရေသောက် စနစ်တို့မှ မြောင်းများအလိုက် နေ့ရက်များသတ်မှတ်ကာ စိုက်ပျိုးရေများ စတင်ပေးဝေလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက် ၈ နာရီက နတ်တလင်းမြို့မစျေးနှင့် ဆိုက်ကားဂိတ်များ ကယ်ရီဂိတ်များတွင် လိုက်လံပေးဝေကြသည်။
မင်းလှမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင် ၊မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ(၂၄)ရက်နေ့ နံနက် ၈ နာရီက မင်းလှမြို့၊ ရုံးရပ်‌တောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အား၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်‌ဝေပေးခဲ့သည်။
ပလောက်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့်   Mask နှာခေါင်းစည်းများ ဖြန
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့  မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေဦးဆောင်သောအဖွဲ့သည်  ယနေ့နံနက် ၈ နာရီခွဲက ပလောက်မြို့ လူစည်ကားရာနေရာ ဖြစ်သော ပလောက်မြို့စည်ပင်သာယာဈေးအတွင်းနှင့်  ထားဝယ်-မြိတ် ကားလမ်းမပေါ် တွင်ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။