သတင်းများ

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို အရှိန်အဟုန်မြှင့်၍ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ပပျောက်ရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက် ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများနှင့် စာသင်ကျောင်းများသို့သွား ရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်
Jun 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ စာပေကိုတန်ဖိုးထား ဖတ်ရှု့သည့် အလေ့အထကောင်းများ ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် လူငယ်များမူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ ခိုင်ချစ်အောင် ရေးသားသည့် “အဖြူရောင်ရေခဲလွင်ပြင်နှင့်အညိုရောင်ချောကလက်အိပ်မက် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ပျိုပင်များဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်   သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက်  မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိကာ ဒေသခံပြည်သူများအား ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။
ဝန်းသိုမြို့၌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ “ဆရာတော်ဘဒ္ဒန္တဇဝန” မဟာထေရ်မြတ်၏ ဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇာ မင်္ဂလာအခမ်းအနားကျင်းပ
Jun 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့၊ ခန္တီးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ “ဆရာတော် ဘဒ္ဒန္တဇဝန” မဟာထေရ်မြတ်ကြီးအား ဆရာတော်ကြီး၏ သီလ သမာဓိ ပညာဂုဏ်တို့ကို ကြည်ညိုလေးစား ကြကုန်သော တပည့် ရဟန်း သံဃာများနှင့် ဒါယကာ ဒါယိကာမအပေါင်းတို့က ထပ်ဆင့်ဂုဏ်ပြုပူ ဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က စစ်ကဲကြီးရပ်ကွက် အဆိုပါကျောင်းတိုက် ဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားသည့် နေရာများဖြစ် သည့် ဈေး၊ ကားဂိတ်၊ မြို့အဝင်မင်္ဂလာမုဒ်ဦးနှင့် အခြေခံပညာကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
၂၀၂၁ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တောင်ငူခရိုင် ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ စိုက်ပျိုးစရိတ်​ချေး​ငွေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 24,2021
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲတို့ ပူးပေါင်း၍စိုက်ပျိုးစရိတ်​ချေး​ငွေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ ​နေ့လယ် ၂နာရီခွဲအချိန်က ​ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။