သတင်းများ

ထန်းတပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင် ထောက်ပံ့ကြေးငွေ ပေးအပ်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း ဆောင်ရွက်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့နံနက် ၈ နာရီချိန်က ကိုဗစ်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် ဆည်ရေလုံလောက်စွာ ပေးဝေနိုင်သဖြင့် နွေစပါး များအောင်မြင်ဖြစ်ထွန်း
Jun 24,2021
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ယခုနှစ် ၂၀၂၁ ခုနှစ် နွေရာသီ သီးနှံစိုက်ပျိုးရေး အတွက် အစိုးရဆည်တမံ (၃)ခုဖြစ်သည့် ဆဒ္ဒန်တမံ၊ စွန်တမံ၊ပုလင်းတမံ တို့မှ စုစုပေါင်းလျာထား နွေစပါး (၈၆၀)ဧက နှင့် နွေနှမ်း (၆၀၀)ဧက စိုက်ပျိုးနိုင်ရေး ဆည်ရေပေးလွှတ်လျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ကြီးကြပ်မှုကော်မတီထံမှ သိရှိရသည်။
သဲကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမ များ၊ ပြည်သူများကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"ကျန်းမာဘေးကင်းလုံခြုံသော ရပ်ရွာလူထုဖြစ်လာစေရန်အတွက် ရှေ့တန်းမှဆောင်ရွက်မည့် သူများအား အားဖြည့်မြှင့်တင်ပေးခြင်းလုပ်ငန်းများ" အသိပေး‌‌ဆွေးနွေးခြင်း အခမ်းအနား ကျင်းပ
Jun 24,2021
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင်‌ အကောင်အထည်ဖော်ဆောင်ရွက်မည့် "ကျန်းမာဘေးကင်းလုံခြုံသော ရပ်ရွာလူထုဖြစ်လာစေရန်အတွက် ရှေ့တန်းမှ ဆောင်ရွက်မည့်သူများအား အားဖြည့်မြှင့်တင်ပေးခြင်း စီမံချက်လုပ်ငန်းများ "အသိပေး‌‌ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရုံး၊ ဂရုဏာခန်းမ၌ ကျင်းပခဲ့ပါသည်။
သာယာဝတီမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ပြည်သူများ မူးယစ်ဆေးဝါး အန္တရာယ် အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားသည့်နေရာများဖြစ်သည့် ဈေး၊ ကားဂိတ်၊ လမ်းဆုံနှင့် အခြေခံပညာ အထက်တန်းကျောင်းများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
နတ်တလင်းမြို့တွင် အသက်၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အသက်၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇွန်၂၄ ရက်နေ့က မြို့မရပ်ကွက်တွင် ဆောင်ရွက်ကြသည်။