သတင်းများ

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 24,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဌက်ပျောတောကျေးရွာအုပ်စု၊ ရှမ်းစုကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)မှ ရွေ့လျားဝန် ဆောင်မှုလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ၏ မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးမြို့တွင် တရားရုံးသတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 24,2020
မြန်မာနိုင်ငံမှ သတင်းသမားများအနေဖြင့် တရားရုံး သတင်းမီဒီယာလက်စွဲအပေါ် သိရှိနားလည် ပြီး တရားရုံးများတွင် သတင်းရယူမှု တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ တရားရုံး သတင်း အချက်အလက်ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဆာကူယာဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
တွံတေးမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများ ကျေးရွာအရောက် အခမဲ့ဖြန့်ဖြူးခြင်းဆောင်ရွက်
Feb 24,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကရင်ချောင်းကျေးရွာအုပ်စု၊ ကရင်ချောင်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှု လျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့် မီးဖိုများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးနှင့် ဝန်ထမ်းများက ကရင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖို (၁၀၈)လုံးကို ပြည်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ လှိုင်တွင်ကျင်းပ
Feb 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ၊ လှိုင်ရတနာ ပရိယတ္တိစာသင်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ် ခဲ့ပါသည်။
အင်းစိန်မြို့နယ်၌ နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော လမ်းသစ်လမ်းအား စက်ယန္တရားဖြင့် ဆယ်ယူတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး
Feb 24,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော လမ်းသစ်လမ်းအား စက်ယန္တရားဖြင့် ဆယ်ယူတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များက စစ်ဆေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုဖြင့် လက်ခံကျင်းပမည်
Feb 24,2020
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပ သွားမည်ဖြစ်ရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ စာစစ်ဌာနသုံးခု (အ.ထ.က-၁၊ အ.ထ.က-၂၊ အ.လ.က-၂)ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။