သတင်းများ

ချောက်မြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ မြစိမ်း​ရောင်​(အသားကဏ္ဍ)ရန်ပုံ​ငွေ​ ပေးအပ်ပွဲကျင်းပ
Jun 25,2021
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်​ ဂွေးပင်အုပ်စု ကင်မွန်းခြုံ​ကျေးရွာ ရွာဦးဘုန်းကြီး​ကျောင်း ဓမ္မာရုံ၌ ယမန်​နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က မြို့နယ်​မွေးမြု​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ ဦးဆောင်သည့် နိုင်ငံ​တော်မှ​ထောက်ပံ့မတည်သည့် မြစိမ်း​ရောင်(အသားကဏ္ဍ)ရန်ပုံ​ငွေ​ပေးအပ်ပွဲအခမ်းအနားကျင်းပသည်။
ဒိုက်ဦးမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် (တတိယ)အကြိမ် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကျင်းပ
Jun 25,2021
၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် (တတိယ)အကြိမ် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ဒိုက်ဦး​​မြို့နယ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသ
Jun 25,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် “သတင်းစကား” လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။     
မက်မန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခတ်ခြင်းများ ကွင်းဆင်းပူးပေါင်း ဆောင်ရွက်
Jun 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီမှစ၍  မက်မန်းမြို့ပေါ် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာ အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက် ဆင်း သွားရောက်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ၊ အသိပညာ ပေး ဟောပြောခြင်းလုပ်ငန်းများကို ကွင်းဆင်းပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ဖြန့်ဝေ
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ပပျောက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက လပွတ္တာ(၃)မိုင် အ.ထ.ကကျောင်းနှင့် လူစည်းကားရာနေရာဖြစ်သော သင်္ဘောဆိပ်၊ ကမ်းနားစျေးတန်း၊  ရပ်ကွက်များသို့ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်​ဝေ​ပေးခဲ့ကြောင်း  သိရသည်။
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 25,2021
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 25,2021
ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ စျေးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အရန်မီးသတ်များ တက်ရောက်ကြသည်။
မိုင်းခတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသ
Jun 25,2021
 ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်များကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ခင်းကျင်းပြသ‌ခဲ့ကြောင်း သိရသည်။