ချောက်မြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ မြစိမ်း​ရောင်​(အသားကဏ္ဍ)ရန်ပုံ​ငွေ​ ပေးအပ်ပွဲကျင်းပ

ချောက် ဇွန်  ၂၅

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်​ ဂွေးပင်အုပ်စု ကင်မွန်းခြုံ​ကျေးရွာ ရွာဦးဘုန်းကြီး​ကျောင်း ဓမ္မာရုံ၌ ယမန်​နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က မြို့နယ်​မွေးမြု​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ ဦးဆောင်သည့် နိုင်ငံ​တော်မှ​ထောက်ပံ့မတည်သည့် မြစိမ်း​ရောင်(အသားကဏ္ဍ)ရန်ပုံ​ငွေ​ပေးအပ်ပွဲအခမ်းအနားကျင်းပသည်။

ရှေးဦးစွာမြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးမှူး ဦးကြည်မိုးက ကင်မွန်းခြုံ​ကျေးရွာသူ/သားအား ရန်ပုံ​ငွေကြီးကြပ်မှု​ကော်မတီမှ ချမှတ်သည့်စည်းမျဉ်း စည်းကမ်း နှင့်အညီ မှတ်တမ်းများ၊ အချက် အလက်များစနစ်တကျပြုလုပ်ရန်နှင့် မြို့နယ်မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန မှ​ဦးစီးမှူး ဒေါက်တာ​အေးမင်း​ဇော်က မြစိမ်း​​ရောင်(အသားကဏ္ဍ)စီမံကိန်းနှင့် ပတ်သက်သည့်အ​ကြောင်း အရာများ ရှင်းလင်းခြင်း၊(အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရန်နည်းလမ်းနှင့် အကြံဉာဏ်များ​ပေးခြင်း၊ နွား၊ဝက်ကာကွယ်​ဆေးကြိုတင်ထိုးနှံခြင်း၊ စနစ်တကျ​မွေးမြူရန်နည်းလမ်းများ လုပ်ကိုင်​ဆောင်ရွက်ရမည့် အချက်အလက်တို့အား ရှင်းလင်းခြင်း၊ ရန်ပုံ​ငွေ ကြီးကြပ်မှု​ကော်မတီအား​ ရွေးချယ်​ပေးခြင်းနှင့် ကင်းမွန်းခြုံကျေးရွာသူ​ ကျေးရွာသားများ၏ သိရှိလိုသည့်​မေးမြန်းမှုများကိုလည်း ပြန်လည်​ ဖြေကြား​ပေးခဲ့ သည်။

ထို့​နောက်​ ချောက်မြို့နယ် မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန ဦးစီးမှူး​ဒေါက်တာ​အေးမင်း​ဇော် က ​ကင်မွန်းခြုံ​ကျေးရွာမှ ရွေးချယ်သည့် မြစိမ်း​​ရောင် (အသား ကဏ္ဍ)ရန်ပုံ​ငွေကြီးကြပ်မှု​ကော်မတီဦး ဦးသောင်းလှိုင်အား ရန်ပုံ​ငွေကျပ်သိန်း(၃၀၀)သိန်းကို​ပေးအပ်ခဲ့သည် အခမ်းအနားသို့​ ချောက်မြို့နယ်မှ မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာန ဦးစီးမှူး​ဒေါက်တာ​အေးမင်း​ဇော်နှင့်ဝန်ထမ်းများ၊ စီမံကိန်းဦးစီးဌာန၊စိုက်ပျိုး​ရေးဦးစီးဌာန၊​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကင်မွန်းခြုံ​ကျေးရွာ​နေ​ကျေးရွာသူ/​ကျေးရွာသားများတက်​ရောက်ခဲ့ကြောင်းသိရသည်။

ကျော်မိုး