သတင်းများ

နမ့်ဆန်မြို့နယ်တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
၂၀၂၁ ခုနှစ်၊ ဇွန် လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များ ကို  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (နမ့်ဆန်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ဝန်ထမ်းများသည်  ယနေ့နံနက်  ၁ဝ  နာရီက  ရုံးပေါင်းစုံဝင်းအတွင်းရှိ  ဌာနဆိုင်ရာများ သို့  သွားရောက်ဖြန့်ဝေခဲ့ကြောင်း  သိရသည်။
ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရှိသူ ၁၀ ဦးထပ်မံစစ်ဆေးတွေ့ရှိ
Jun 24,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၄၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၆)ဦး၊မ(၄)ဦး၊ စုစုပေါင်း (၁၀)ဦးထံမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရ‌ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပရဟိတကျောင်းများသို့ ကျန်းမာရေးသုံး ပစ္စည်းနှင့် လှူဖွယ်ဝတ္ထုများ သွားရောက်လှူဒါန်း
Jun 24,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပရဟိတကျောင်းများသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုများ သွားရောက် လှူဒါန်းခဲ့သည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 24,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၁)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ချောင်းသာမြို့၌ အနံ့ပျောက်နေသူ နှစ်ဦးအား စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အနံ့ပျောက်နေသူနှစ်ဦးအား ယနေ့နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိကြောင်း ချောင်းသာတိုက်နယ် ကျန်းမာရေးဌာန၊ ကြီးကြပ်ရေးမှူး (၁) ဦးထွန်းအောင်ကိုထံမှ သိရသည်။
ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Jun 24,2021
ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
ပင်းတယမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Jun 24,2021
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ အသိပညာဖွံ့ဖြိုးတိုးတက်၍ စာဖတ်သည့်အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန် က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရောင်ခြည်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။