သတင်းများ

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်း အဝေးကျင်းပ
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
ပန်း​တောင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှု ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး  Mask Campaign ပြုလုပ်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပန်း​တာင်း​​ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ​ မြို့နယ်ဦးစီးမှူးဦးကိုကိုဝေဟိန်းဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှု  ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
ထီးလင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 25,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ယနေ့နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပ
Jun 25,2021
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန်လ (၂၆)ရက်နေ့ တွင် ကျရောက်မည့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ‘မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ’ Talk Show ကို ယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် ပြုလုပ်ရာ မိုင်းရယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကျော်ဇင်နိုင်က တက်ရောက် ဆွေးနွေးပေးသည်။
ကျောက်ဖြူခရိုင် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jun 25,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီး မှူး၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေး‌ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 25,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးဝန်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညို၌ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးအသိ ပညာပေး
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုထိန်းချုပ် နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်‌ ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များ၌ အစားအသောက်များ ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
လဲချားမြို့နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် Mask Campaign ပြုလုပ်
Jun 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နေပြည်သူများ ကိုဗစ် -၁၉ ရောဂါကူး စက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီ က  မြို့မစျေးတွင် ကျင်းပပြုလုပ်ခဲ့သည်။