မက်မန်း ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီမှစ၍ မက်မန်းမြို့ပေါ် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာ အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက် ဆင်း သွားရောက်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ၊ အသိပညာ ပေး ဟောပြောခြင်းလုပ်ငန်းများကို ကွင်းဆင်းပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးဦးကျကာလတွင် ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မက်မန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေး အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၊ ပညာဒီပဘုန်းတော်ကြီးကျောင်း နှင့် ကွန်ဟောင်းကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းရှိ ရေလှောင်ကန်များ၊ ရေစည်ဂါလံပေါင်း ၁၄၀၇၄ ဂါလံနှင့် ပန်းအိုးများ၊ ရေအိုးရေခွက်များ၊ ရေစီးရေလာ ကောင်းစေရန် ရေမြောင်းများရှိ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေဝပ်နိုင်သော နေရာများ၊ ပစ္စည်းများ ထားသိုမှုအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားစေနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးဂါလံပေါင်း ၇၀၃၇ ဂါလံ ခတ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပေးခဲ့ကြပါသည်။ တစ်ဆက်တည်း မှာဘဲ မြို့နယ်ကျန်းမာရေးမှူး ဦးစိုးကြိုင်က ကျန်းမာရေး နှင့်ပတ်သက်သည့် အကြောင်းအရားများကို ဒေသခံပြည်သူများအား သိရှိလိုက်နာ ဆောင်ရွက် စေရန်အတွက် အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)