သတင်းများ

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်ခြင်း အခမ်းအနား ဖလမ်း၌ကျင်းပ
Feb 29,2020
တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် အခွင့်အရေးများကို သိရှိနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရးအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲက ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ပခုက္ကူ ရေလာလေးကျေးရွာ မူလတန်းလွန်ကျောင်းသို့ laptop ကွန်ပျူတာတစ်စုံလှူဒါန်း
Feb 29,2020
ပခုက္ကူမြို့နယ်၊ ရေလာအုပ်စု၊ ရေလာလေးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ laptop ကွန်ပျူတာတစ်စုံ လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်း၌ ကျင်းပသည်။
တောင်သူများအား အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြသ
Feb 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၉နာခွဲအချိန်က မြို့နယ်ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သော အာမခံကျေးရွာအုပ်စု၊ သြဂ ကျေးရွာရှိ တောင်သူများအား အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်းကို လက်တွေ့ သရုပ်ပြသပေးခဲ့ကြောင်းသိရသည်။
မြဝတီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်ရေးရာအဖွဲ့ဝင်များ ဆွေးနွေးပွဲ ဆောင်ရွက်
Feb 29,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြဝတီမြို့ရှိ လူငယ်ရေးရာအဖွဲ့ဝင်များမှ လူငယ်ရေးရာ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရွှေမုဋ္ဌောဆုတောင်းပြည့် ဘုရားပွဲတော်နှင့် ရွှေကူနီပွဲတော် ကျင်းပလျက်ရှိ
Feb 29,2020
ရေစကြိုမြို့နယ် ထန်းတော(ကူနီ) ကျေးရွာ၌ ရွှေမုဋ္ဌောဆုတောင်းပြည့် ဘုရားပွဲတော်နှင့် ရွှေကူနီပွဲကို ကျင်းပလျက်ရှိရာ ယနေ့တွင် ပွဲတော်လာ ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။
ဝေါမြို့နယ် ကျွဲတဲစုကျေးရွာ (အ.မ.က ခွဲ) ကျောင်းဆောင်သစ်၊ သောက်ရေကန်နှင့် စာရေးခုံများ ပေးအပ်လှူဒါန်းပွဲကျင်းပ
Feb 29,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စု ကျွဲတဲစုကျေးရွာ အ.မ.က(ခွဲ) ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ( ၁၀း၀၀ )နာရီ က အ.မ.က(ခွဲ)ကျောင်း ကျွဲတဲစုကျေးရွာ၌ ကျင်းပခဲ့သည်။
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 29,2020
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ (၂၀၁၆-၂၀၁၉)ခုနှစ် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။
သာယာဝတီမြို့၌ ပြည်သူ့စကားဝိုင်း(Public Talk)ကျင်းပ
Feb 29,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk)ကို သာယာဝတီ မြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု လှည်းလမ်းကူး ကျေးရွာ နိဂြောဓာရုံကျောင်းတိုက် ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်သည်။