လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး (Talk Show) ဆောင်ရွက်
Jun 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ဇွန်လ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် "မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး “Talk Show” ကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။