လပွတ္တာ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ပပျောက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက လပွတ္တာ(၃)မိုင် အ.ထ.ကကျောင်းနှင့် လူစည်းကားရာနေရာဖြစ်သော သင်္ဘောဆိပ်၊ ကမ်းနားစျေးတန်း၊ ရပ်ကွက်များသို့ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေးသုံး စွဲခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကဗျာနှင့် အသိပညာပေး ကာတွန်းများပါရှိကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်