သတင်းများ

လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 25,2021
လားရှိုးမြို့ လူထုအခြေပြုဗဟိုခန်းမ(Community Centre)တွင် ဝန်းထမ်းများ စာပေဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီက စာရေးဆရာကျော်လွင်(စက်မှု)ရေးသားသည့် တောအရိပ်တောင်အရိပ် အောက်ကစေတနာပုံရိပ်နှင့်အခြားဝတ္တုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပခဲ့သည်။
တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jun 25,2021
စစ်ကိုင်းတိုင်းဒေသ​​ကြီး၊တမူးမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉)နာရီက ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့် ရောင်းချနိုင် ရေး စစ်ဆေးဆောင်ရွက်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ရောင်း​ချခြင်းရှိ/မရှိ စစ်​ဆေးခြင်းကို ယမန်နေ့က ဒုတိယ​မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းဦး၊ အမှု​ဆောင်အရာရှိ ဦးအေးကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်း​ကြည့်ရှု စစ်​ဆေးခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 25,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ၂၀၂၁ခုနှစ်၊ ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယမန်နေ့ ညနေ(၃)နာရီတွင် မချမ်းဘော့မြို့နယ်  ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အထကမချမ်းဘော့မှ ကျောင်းသူ/ကျောင်းသား များထံသို့  လက်ဝယ်အရောက်ဖြန့်ဝေ  ပေးခဲ့သည်။
အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် ညွှန်ကြားမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မှ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့ရှိ ကျေးရွာများသို့ ဆိုလာပါဝါများပေးအပ်ခြင်း ဆောင်ရွက်ပြီးစီး
Jun 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျော်လွှားဘားအံ ကုမ္ပဏီတို့ပူးပေါင်း၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင် စေရေးနှင့် ကျေးလက်နေပြည်သူများ အဆင်ပြေချောမွေ့ စေရန်ရည်ရွယ်၍ တစ်အိမ်သုံး ဆိုလာ ပါဝါများအား ဝေါလေမြိုင်မြို့ရှိ ကျေးရွာများသို့ ဖြန့်ဝေပေးအပ်ခြင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Jun 25,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။