ဒိုက်ဦး ဇွန် ၂၅
၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် (တတိယ)အကြိမ် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ဒိုက်ဦးမြို့နယ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်မှ လေလံတင်ရောင်းချ ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးထွန်းမှ လေလံပါကြော်ငြာ စည်းကမ်းချက်များအား ဖတ်ကြားပြီး တင်ဒါပိုက်ချက် များ လေလံတင် ရောင်းချခြင်းအခမ်းအနား ကျင်းပခဲ့သည်။ ၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီနှစ် တင်ဒါပိုက်ချက် (တတိယ)အကြိမ် အိတ်ဖွင့်တင်ဒါရောင်းချရာ၊ တင်ဒါချက် ၁၁ ချက်ရှိသည့် အနက် ၃ ချက် ရောင်းချရပြီး ၄ ချက်မှာ စျေးပေးထားကြောင်း သိရသည်။