မိုင်းခတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသ

မိုင်းခတ်  ဇွန် ၂၅

 ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်များကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ခင်းကျင်းပြသ‌ခဲ့ကြောင်း သိရသည်။

ထိုသို့ပြသထားမှုကို ကျောင်းသူကျောင်းသား၊ လူငယ်လူရွယ်များက မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့်  မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေးနှင့် လူမှုဘဝ ထိခိုက်နိုင်မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်တို့ကို ဗဟုသုတဖြစ်ဖွယ်၊ မှတ်သားဖွယ် အကြောင်းအရာများ၊ ဆောင်ပုဒ်များ၊ အဆိုအမိန့်များ၊ ဓာတ်ပုံများစသည့်ပညာပေး အကြောင်းအရာပါ နံရံကပ်စာစောင်နှင့်စာအုပ်များကို ကြည့်ရှု‌​လေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်