အုတ်ဖိုမြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများစည်းကမ်းလိုက်နာမှုရှိ/မရှိ Mobile စနစ်ဖြင့်စစ်ဆေးဆောင်ရွက်

အုတ်ဖို      သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကာ Stay at home ကာလအဖြစ်သက်မှတ်ကြေငြာထားပြီးဖြစ်ရာ ယမန်နေ့မွန်းလွဲပိုင်းက  ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဒေသခံ ပြည်သူများ လိုက်နာမှု ရှိ/မရှိ Mobile စနစ်ဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် အုတ်ဖိုမြို့ မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မီးသက်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များမှ ဒေသခံပြည်သူများ Stay at home စည်းကမ်းချက်များနှင့် အညီသွားလာမှုရှိ/မရှိ၊ စျေးဝယ် ကဒ်များ၊ အလုပ်သွားလာခွင့်ကဒ်များ၊ ဆေးရုံပြသခွင့်ကဒ်များပါရှိမှုရှိမရှိ၊ သက်မှတ်စည်းကမ်း ချက်များနှင့် ညီ မညီ စစ်ဆေးခြင်း၊ ၁၀နာရီ နောက်ပိုင်း ဆေးဝယ်ခြင်းမှအပ စျေးဝယ်ထွက်ခြင်းများ မရှိစေရေး လိုက်လံစစ်ဆေးခဲ့ကြောင်းနှင့် စည်းကမ်းလိုက်နာမှုမရှိသူများကို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)