ဆားလင်းကြီး ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း Mask၊ FaceShield နှင့် လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့မစျေးတွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီုးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာမှ လက်ထောက် ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းမျာ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာမှ တာဝန်ရှိ သူများ ပူးပေါင်း၍ စျေးရောင်း/ စျေးဝယ်များ လက်ဝယ်အရောက် နှာခေါင်းစည်း Mask အခု(၃၀၀)၊ FaceShield အခု(၁၅၀) နှင့် လက်ကမ်းစာစောင်(၁၅၀)စောင်အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မြို့နယ်စည်ပင်သာယာအနေဖြင့် မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စျေးသူ/ စျေးသားများအနေဖြင့် ကိုဗစ်-၁၉ရာဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရန်၊ စျေးရာင်းချသူ၊ စျေးလာရောက်ဝယ်ယူသူများကို ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ စျေးရောင်းစျေးဝယ် များအား နှာခေါင်းစည်း Mask နှင့် FaceShield များ တပ်ဆင်ပြီးမှသာ စျေးရောင်း/စျေးဝယ် စေရေးအတွက် Hand Speaker Sound Box တွင် အသံသွင်း၍ နေ့စဉ်ဆော်ဩလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်