သတင်းများ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လေးဝတီကုလရက္ခိတ(ပရဟိတ) လူမှုကူညီရေးအသင်းနှင့်  တွေ့ဆုံမေးမြန်းခြင်း
Aug 11,2021
မေး။   ။ မင်္ဂလာပါရှင့်၊ လူကြီးမင်းနာမည်နဲ့ အသင်းအဖွဲ့ရဲ့ နာမည်လေးသိချင်ပါတယ်ရှင့်။ ဖြေ။    ။ကျွန်တော်နာမည်ကတော့ ကိုဂျပန်ကြီးပါခင်ဗျ၊ ကျွန်တော်ကတော့ လေးဝတီကုလရက္ခိတ (ပရဟိတ)အသင်းရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပါတယ်ခင်ဗျ။
မာန်အောင်မြို့နယ်တွင် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် လိုအပ်လာမည့် အောက်ဆီဂျင်အိုးသစ်အလုံး(၅၀)အား လှူဒါန်းသွားမည်
Aug 11,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ အလှူရှင်များ၏အလှူငွေဖြင့် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် လိုအပ်လာမည့် ၄၀လီတာဝင်အောက်စီဂျင်အိုးသစ်(၅၀)လုံး (တန်ဖိုးငွေကျပ်၁၂၅သိန်း)ကို မာန်အောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ စေတနာရှင်လူမှုကူညီရေအသင်း(နာရေး) မာန်အောင်မြို့မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကာ ၎င်းအောက်ဆီဂျင်အိုးအလုံး၅၀ သည် တောင်ကုတ်မြို့သို့ရောက်ရှိနေပြီးစေတနာရှင် လူမှုကူညီရေးအသင်း(နာရေး) မာန်အောင်ကိုယ်စားလှယ်များက ယခုလ ၁၀ ရက်နေ့တွင် လွှဲပြောင်းလက်ခံရယူထားပြီး အောက်ဆီဂျင်ဖြည့်ဆည်းကာ မာန်အောင်မြို့နယ်သို့ ရောက်ရှိလာမည်ဟု သိရသည်။
ကျောက်တန်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
Aug 11,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ပြတ်လပ်မှုအခက်အခဲများ မကြုံတွေ့စေရန်နှင့် အောက်ဆီဂျင် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက်အလှူရှင်ပြည်သူများမှ လှူဒါန်းသော အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို  ယနေ့နံနက် ၉ နာရီက အဆိုပါအဆောက်အဦတည်ဆောက်မည့် ရွှေမှော်ဝန်းသာသနာ့ဗိမာန်ဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်ဆီများ ထောက်ပံ့လှူဒါန်း
Aug 11,2021
ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအားဆန်နှင့်ဆီများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်၉နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခင်ဦးမြို့ ဝေပုလ္လာရာမကျောင်းသစ်ကျောင်းတိုက်သို့ အောက်ဆီဂျင်စက် (၁၀) လုံး လှူဒါန်း
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်သီရိရပ်၊ ဝေပုလ္လာရာမကျောင်းသစ်ကျောင်းတိုက် ဆရာတော် ဝေပုလ္လာစာရကဦးစီးပြီး မြတ်သီရိလူမှုကူညီရေးအသင်း ဦးဆောင်သော အောက်ဆီဂျင် စက်၊ အောက်ဆီဂျင်အိုး ဖြစ်မြောက်ရေးကော်မတီက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာတွင် Oxygen ပြတ်လပ်မှုမရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိရာ အလှူရှင်များက  ဩဂုတ်လ ၁၀ ရက်နေ့က Oxygen စက် (၁၀) လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။
သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ Oxygen Concentrator များ လှူဒါန်း
Aug 11,2021
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်  Oxygen  Concentrator (၁၀) လုံးအား သထုံမြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ ယနေ့ နံနက်က သုဝဏ္ဏဘူမိသာသနဗိမာန်တော်၌ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများစီးဆင်းလာမှုကြောင့် မြို့တွင်းစီးဆင်းနေသည့် နန့်ယွန်းချောင်း ရေလျှံမှုဖြစ်ပေါ်
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ယနေ့နံနက် ၄ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာခဲ့မှုကြောင့် မြို့တွင်းရှိ နန့်ယွန်းချောင်း ရေလျှံမှုဖြစ်ပေါ်ခဲ့ကာ ဝမ်ကောင်းရပ်ကွက်အတွင်း နုန်းများ၊ အမှိုက်များ ဝင်ရောက်တင်ကျန်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၄)ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Aug 11,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း(VDP) ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာပေါင်း (၁၄)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။