ဇလွန်မြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

ဇလွန်  ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင်ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေးတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဇလွန်မြိုပေါ် ရှိဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များသို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ၏ကြီးကြပ်မှုဖြင့် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရဲတပ်ဖွဲ့ စည်ပင်သာယာရေး စားသုံးသူရေးရာဦးစီးဌာန၊​   သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့က ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းများအား တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် ဆေးနှင့်ဆေးပစ္စည်း များအား သင့်တင့်မျှတသောဈေးဖြင့်သာ ရောင်းချကြရန် မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ဝေယံ-ဇလွန်