ရိခေါ်ဒါရ် သြဂုတ် ၁၂
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ဦးစားပေးအစီအစဉ်၌ ပါဝင်သူ များအား သြဂုတ် ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးလာရောက် ထိုးနှံသူ (၂၀၀)ဦးရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero Cell) ထိုးနှံရာတွင် အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွား (၃၃)ဦး၊ စေတနာ့ဝန်ထမ်း (၄၄)ဦး၊ စေတနာ့ဝန်ထမ်းမိသားစု (၁၁)ဦး၊ သာသနာ့ဝန်ထမ်း (၁၅)ဦး၊ နိုင်ငံ့ဝန်ထမ်း (၄၇)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၂၅)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း(၅)ဦးနှင့် Supermarket/ဈေးဆိုင်ရှင်များ (၂၀)ဦးရှိရာ ကာကွယ်ဆေးထိုးနှံသူ အမျိုးသား (၁၁၆)ဦး၊ အမျိုးသမီး (၈၄)ဦးရှိပြီး ပထမအကြိမ် (First Dose) ကာကွယ်ဆေး ထိုးနှံသူပေါင်း (၂၀၀)ဦးရှိကြောင်း၊ ဒုတိယအကြိမ် (Second Dose) ကာကွယ်ဆေးထိုးနှံခြင်းကိုလာမည့် စက်တင်ဘာလ ပထမပတ်အတွင်း ဆက်လက်ထိုးနှံ ပေး သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဌာနမှသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ရိခေါ်ဒါရ်မြို့တိုက်နယ် ဆေးရုံတာဝန်ခံ ဒေါက်တာစန်းမာနှင့် သူနာပြုဆရာမများက ထိုးနှံဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကာကွယ် ဆေး ထိုးနှံ ဆောင်ရွက်မှုကို ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် ဌာနဆိုင်ရာ များမှ နေ့စဉ်ပူးပေါင်း အားပေးခဲ့ကြောင်း သိရသည်။
ပက်ကာ (ပြန်/ဆက်)