မြောင် ဩဂုတ် ၁၂
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အသက်(၆၅)နှစ် အထက် ပုဂ္ဂိုလ်များ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက တာဝန်ထမ်း ဆောင် သည့် ဝန်ထမ်းများနှင့် ပရဟိတလူမှုရေးအသင်းသားများအား ဩဂုတ်လ(၈) ရက်နေ့က မြို့တော်ခန်းမတွင်အောင်မြင်စွာ ထိုးနှံပြီးဖြစ်ကြောင်းသိရှိရသည်။
"မြောင်မြို့နယ်တွင် (၃-၈-၂၀၂၁)ရက်နေ့တွင် (၄၉၉)ဦး၊ (၄-၈-၂၀၂၁) ရက်နေ့ တွင်(၆၉၅)ဦး၊ (၅-၈-၂၀၂၁) ရက်နေ့တွင်(၂၉၇)ဦး၊ (၇-၈-၂၀၂၁)ရက်နေ့တွင်(၆၁၆)ဦး နှင့် (၈-၈-၂၀၂၁)ရက်နေ့တွင် (၃၈၄)ဦ စုစုပေါင်း (၂၄၉၁)ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်၊ ယခင် Covidshield ထိုးနှံပြီးသူ (၁၄၅၆)ဉီး ရှိသဖြင့် စုစုပေါင်း(၃၉၄၇) ဦ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား မြို့နယ်အတွင်း အောင်မြင်စွာထိုးနှံ ပြီးစီးပါ ပြီ" ဟု မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင် တစ်ဦးက ပြောပြ သည်။
အဆိုပါ Covidshield ထိုးပေးရာတွင် အသက်(၆၅) နှစ်အထက် ဘိုးဘွားများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေးပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ပရဟိတ လူမှု ရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အောင်မြင်စွာ ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
မြို့နယ် ပြန်/ဆက်