ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများအား စားသောက်ကုန်နှင့် ရောဂါကာကွယ်ရေးသုံး ပစ္စည်းထောက်ပံပေးအပ်

ရန်ကင်း    သြဂုတ် ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများအား စားသောက် ကုန်နှင့်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း Mask များထောက်ပံပေးအပ်ခြင်းကို ယမန်နေ့လယ်၂နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်ကအမှာစကားပြောကြားရာတွင် ဌာနအနေ ဖြင့်မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအတွက် သက်ဆိုင်ရာနဲ့ချိတ်ဆက်ပြီးကိုဗစ်- ၁၉ ရောဂါကူးစက်ခံ နေရသူပြည်သူများအား အောက်ဆီဂျင်များ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မြို့နယ်အတွင်းကိုဗစ် - ၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နှင့်ပြည်သူများ၊ ပရဟိတအဖွဲ့များပူးပေါင်းကာဆောင်ရွက်နေကြကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ထိရောက်စွာကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဇူလိုင်လ နှင့်သြဂုတ်လအတွင်း တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ် ပိတ်ရက်များသတ်မှတ်ကြေညာ ကာကိုဗစ် - ၁၉ ရောဂါကူးဆက်မှုကို ဖြတ်တောက်၍ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးဆောင်ရွက်ခဲ့​ပြီးမြို့နယ ်စီမံအုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့်လက်ရှိ ကိုဗစ်-၁၉ရောဂါကြောင့်မြို့နယ်အတွင်း ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုး နှံနိုင်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ပေး နေရတာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ အခက်အခဲများရှိပါကလည်း အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ အဓိကဝန်ထမ်းများကျန်းမာရေး အထူးဂရုစိုက်ကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလတ် ကဝန်ထမ်းများ လုပ်ငန်းခွင် ပျော်ရွှင်စေရေး တို့အတွက် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၈)ပြည်တစ်အိတ်၊ ဆီ(၅၀)သားတစ်ဘူး၊ ကုလားပဲ(၁)ပိသာ၊ ကော်ဖီမစ် (၁) ပါကင်၊ နှာခေါင်းစည်းMask (၁)ဘူး တို့အားထောက် ပံ့ပေးအပ် ခဲ့ပြီးဝန်ထမ်းများ ကျန်းမာရေးအထူးဂရုစိုက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။

လှလှထွေး