ငဖဲ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ စုရပ်နေရာအသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ လမ်းပန်းဆက် သွယ်ရေး သွားလာရခက်ခဲမှုနှင့်အကြောင်းအမျိုးမျိုးတို့ကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် တောင်ပေါ်ဒေသအရှိုချင်းတိုင်းရင်းသား ဘိုးဘွားများနှင့်ဆေးထိုးရန် ကျန်ရှိ နေသေး သည့်ပြည်သူများကို ကျေးရွာများအရောက်ကွင်းဆင်း၍ ယမန်နေ့ကသွားရောက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းထိုးနှံပေးရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးဒေါ်ယုယုသိန်း၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနဝန်ထမ်းများ ပူးပေါင်း၍ တောင်ပေါ်ဒေသကျေးရွာများ ဖြစ်သည့် ပဇီ၊လိုင်၊ နောင်၊ တင်ပြင်းကျေးရွာများမှ ဒေသခံတိုင်းရင်းသား/သူ (၂၅၂)ဦးကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးတင်မောင်အေး ၊မြို့နယ်မီးသတ်ဦးစီး ဌာန ဦးစီးမှူးဦးနိုင်လင်းဦး၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနဝန်ထမ်းများပူးပေါင်း၍ မြစ်ဖျား၊ စပ်စီ၊ ဇင်ပြွန်းကျေးရွာများမှ ဒေသခံပြည်သူ (၈၄)ဦးကို လည်းကောင်း ကျေးရွာစာသင် ကျောင်းများနှင့် ကျေးရွာဘက်စုံသုံးခန်းမများတွင် စုရပ်ပြု၍ကာကွယ် ဆေးများထိုးနှံပေး ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ Volumter များ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပူးပေါင်း ကူညီဆောင်ရွက်ကြပြီး မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေး အလုံးရေ (၂၀၅၀)လုံး ရရှိကာ ယနေ့ ထိ အသက်(၆၅)နှစ်အထက်ဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း (၃၂၄၉ )ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဆက်လက်၍ ကျေးရွာများအရောက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မယု(ငဖဲ)